လဲချား မေ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးနံရံကပ် စာစောင်ကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားပါသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုများ၊ မြေပြိုခြင်းအန္တရာယ် ကြိုတင်ပြင်ဆင်မှုများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မုန်တိုင်းအန္တရာယ်ကြိုတင်ပြင်ဆင်မှုများ၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း ဖြစ်စေတတ်သောအကြောင်းအရာများ၊ ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊ လေပြင်းတိုက်ခတ်ခြင်း ဘေးအန္တရာယ် စသည့်အကြောင်းအရာများကို ပြည်သူများ သိရှိနိုင်စေရန်နှင့် ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အချိန်မီလုပ်ဆောင်နိုင်ရန် ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို ပြသဆောင်ရွက်ထားရှိခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)