ညောင်ဦးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းအုတ်တံတိုင်းပေါ်တွင် လဲကျနေသည့် ကန္တာရပင်အား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဖယ်ရှား

ညောင်ဦး  မေ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၄)၊ အောင်သိဒ္ဒိရပ်၊ အင်္ဂါထောင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယနေ့နံနက် ၇နာရီခွဲအချိန်က ကန္တာရပင်အမြစ် ခြေမှလဲကျကာ ဘုန်းတော်ကြီးကျောင်းခြံစည်းရိုး အုတ်တံတိုင်းပေါ်လဲကျကာ အပြင်ဘက်လမ်းပါပိတ်ဆို့နေခြင်းကြောင့် ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အုတ်တံတိုင်းပေါ်လဲကျပြီး ဘုန်းတော်ကြီးကျောင်းအပြင်ဘက်လမ်းပါ်ထိ လဲကျပိတ်ဆို့နေသည့် ကန္တာရပင်သည် ပင်စည်လုံး ပတ်(၂)ပေပတ်လည်ခန့်၊ အမြင့်ပေ(၂၀)ခန့်ရှိကြောင်း၊ ညောင်ဦးမြို့နယ် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ရဲမင်းထွန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူရေးရေးအဖွဲ့တို့ သွားရောက်ရှင်းလင်းခဲ့ရာ နံနက်၉ နာရီခွဲအချိန်တွင် ရှင်းလင်းပြီးစီးခဲ့ကြောင်းသိရပြီး ထိုကန္တာရပင်လဲကျမှုကြောင့် ဘေးအန္တရာယ်တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD