နမ္မတူ မေ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် “မြို့မဈေး” သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါအသင်းရုံးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ရှေ့ဦးစွာ မြို့နယ်သမဝါယမဦးစီးဋ္ဌာနမှ ဦးစီးအရာရှိ ဦးဆမ်မန်းက အမှာစကား ပြောကြားခဲ့ပြီး “မြို့မဈေး” သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘတ် ဂျက်) အတွက် အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များကို အမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးမှ လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘတ်ဂျက်) အတွက် အသင်းစာရင်းစစ်အဖွဲ့ အစီရင်ခံစာကို အသင်းစာရင်းဝင်တစ်ဦးမှ လည်းကောင်း၊ အသင်း၏စည်းကမ်းပြင်ဆင်ချက်၊ ဖြည့်စွက်ချက်များကို အသင်းအမှုဆောင် ဒါရိုက်တာတစ်ဦးမှလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ရာ သဘာပတိကြီးမှ အတည်ပြုလက်ခံခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဦးဆမ်မန်းက အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ကော်မတီ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အမည်စာရင်းများကိုဖတ်ကြား ပေးကာ အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များမှ ကတိသစ္စာခံယူကာ ရွေးချယ်ထားသော အသင်းဥက္ကဋ္ဌမှ အမှာစကားပြောကြားပြီး တက်ရောက်လာကြသော ဋ္ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသင်းသားအသင်းသူများအား ပစ္စည်း (၅၁)မျိုး ကံစမ်းမဲဖောက်ပေးကာ ကံစမ်းမဲမပေါက်သော အသင်းသား၊ အသင်းသူများအား ဖုန်းဘေ (၁၀၀၀)ကျပ်တန်ကဒ်များအား အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်း “မြို့မဈေး” သမဝါယမအသင်းလီမိတက်မှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)