တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose အနေဖြင့် ပထမအကြိမ်တွင် (၂၇၂၄) ဦး ဒုတိယအကြိမ်တွင် (၂၉၄၈) ဦး ထိုးနှံပြီးဖြစ်

တံတားဦး မေ ၁၈

ကျေိာက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အသက်(၆၅)နှစ်မှ အသက်(၁၈)နှစ်ပြည့် ပြီးသူများအား ဦးစားပေးအုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ (၁၁၂၃၉၅) ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ (၇၃၄၄၅) ဦးဖြစ်ကြောင်း  တံတားဦးမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၁၀၈၇၆၉) ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၆၉၈၇၁) ဦးဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၁၀၀.၄၄) ရာခိုင်နှုန်းရှိပါကြောင်း၊ အသက် (၁၂) နှစ်အထက် ကာကွယ်ဆေးထိုးနှံရန် ကျောင်းသား၊ ကျောင်းသူ ပထမအကြိမ်ထိုးနှံပြီးသူ (၃၆၂၆) ဦးနှင့် ဒုတိယအကြိမ် (၃၅၇၄) ဦးဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၁၀၀) ရာခိုင်နှုန်းထိုးနှံပြီးစီးပြီဖြစ်ကြောင်း Booster Dose အနေဖြင့် ပထမအကြိမ်တွင် (၂၇၂၄) ဦးဒုတိယအကြိမ်တွင် (၂၉၄၈) ဦးဖြစ်ကြောင်းပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် Mobile စနစ်ဖြင့်လည်းကောင်း၊ ကျေးရွာများအရောက်ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးထံမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာရှင်လူမှုရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆေးထိုးစုရပ်များ၌ သတ်မှတ်ဦးစားပေး အုပ်စုများနှင့်အညီ နေ့စဉ်နံနက် (နာရီမှ နေ့လယ် (နာရီအချိန်ထိ  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရဲတင့်