ကျောက်ဆည် မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုကျောင်း၌ မေ(၁၂)ရက်နံနက်(၉)နာရီက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် AGTI မထမနှစ်သင်တန်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် AGTI တတိယနှစ်သင်တန်းများ စတင်ဖွင့်လှစ်ပြီး သင်ကြားပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့ အစိုရစက်မှုလက်မှုသိပ္ပံကျောင်းအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် AGTI ပထမနှစ်သင်တန်းဝင်ခွင့်လျှောက်လွှာများကို မေ(၁၂)ရက်နေ့မှ(၃၁)ရက်နေ့အထိ ထုတ်ပေးလျက်ရှိပြီး ဇွန်လတွင် ပထမနှစ်ကျောင်းသား/ကျောင်းသူများအဖြစ် စတင်လက်ခံပြီး မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်နှင့် သုတနည်းပညာဘာသာရပ်များ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်