ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ငါန်းဇွန်  မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွမြို့နယ်န်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နဝမအသုတ် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နဝမအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးရာ ယနေ့နံနက်၉နာရီမှစ၍ မြို့မဇုံမှ (၅၈)ဦး၊ မြို့သာဇုံမှ (၈၅)ဦး၊ ငါန်းမြာဇုံမှ (၅၅)ဦး၊ ခြင်္သေ့လက်ဇုံမှ (၃၅)ဦး၊ သားကျင် ဇုံမှ (၉)ဦး၊ ဂျိုဇုံမှ (၄၉)ဦးနှင့် သံဘိုဇုံမှ (၅၅)ဦး စုစုပေါင်း (၃၄၆)ဦး ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မေ ၉ရက်နေ့မှ ၁၈ ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ နဝမအသုတ် ဒုတိယအကြိမ် (၁၅၇၀)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)