သတင်းများ

ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးရေးဆောင်ရွက်
May 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign နှင့် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းကို မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာစေျးရှေ့ ဗိုလ်ချုပ်လမ်းမကြီး၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကျောက်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား စတင်ထုတ်ချေးပေး
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား ယနေ့နံနက်ပိုင်းကစတင်ပြီး ကျေးရွာအုပ်စု(၂) အုပ်စုအတွင်းရှိ တောင်သူ (၁၀၅)ဦးကို ချေးငွေ (၁၂၈၂.၅၀)သိန်းအား ထုတ်ချေးပေးလျက်ရှိသည်။
နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်  ပြိုင်ပွဲများကျင်းပ
May 18,2022
နွေရာသီ ကျောင်းပိတ်ရက်များကို အကျိုးရှိရှိအသုံးချတတ်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး မန္တလေးခရိုင်၊ ချမ်းအေးသာစံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်းတွင် ပန်းချီဆွဲပြိုင်ပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့သည်။
ပြည်မြို့တွင် အများပြည်သူစားသုံးမည့် အသားအရည်အသွေး မြင့်မားတိုးတက်ရေးနှင့် ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းရေး အတွက် "အသားစစ်ဆေးခြင်း သင်တန်း" ဖွင့်လှစ်
May 18,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပြည်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အများပြည်သူစားသုံးမည့် အသားအရည် အသွေးမြင့်မားတိုးတက်ရေးနှင့် ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် "အများပြည်သူစားသုံးမည့် အသားစစ်ဆေးခြင်းသင်တန်း" ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူဝန်ထမ်းများ တက်ရောက်သည်။
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
May 18,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre တွင် ယနေ့နံနက်(၁၀:၀၀)က မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသ
May 18,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နေ့လည် ၁၁ နာရီက လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသပြသဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်တွင် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။