သတင်းများ

ချမ်းအေးသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆောင်ရွက်
May 18,2022
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေး (Hand Speaker)ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ပြည်ကြီးပျော်ဖွယ်အနောက်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့​သည်။
မကွေးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ တိုင်းဒေသကြီးသင်ကြားရေးဆေးရုံရှိ ကင်ဆာရောဂါလူနာများအား ထောက်ပံ့ငွေများနှင့် အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့လှူဒါန်း
May 18,2022
မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့်အမျိုးသမီးရေးရာအဖွဲ့တို့မှ တို်ငးဒေသကြီးသင်ကြားရေးဆေးရုံရှိ ကင်ဆာရောဂါလူနာများအား ထောက်ပံ့ငွေများနှင့် အာဟာရဖြည့်စွက်အစာအစားများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးသင်ကြားရေးဆေးရုံရှိ ကင်ဆာရောဂါလူနာကုသဆောင်သို့ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်
May 18,2022
ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
မြောက်ဦးမြို့တွင် သျှစ်သောင်း၊ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတော်၌ ရခိုင်ရိုးရာကျင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
May 18,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ရခိုင်ရှေ့ဟောင်းသမိုင်းဝင် အထင်ကရ ဘုရားစေတီ၊ ပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲ တော်၌ ရခိုင်ရိုးရာကျင်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီ အချိန်က ထုက္ကံသိမ် ဘုရားအနီး ကျင်ပြိုင်ပွဲကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်             ​
May 18,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့နယ်၌ မြို့နယ်​​ကျေးလက်​​ဒေသဖွံ့တိုးတက်​ရေးဦးစီးဌာနမှ  ကျေးရွာဖွံဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင် စက်ရေတွင်းတူးဖော်ခြင်း၊​ ရေစင်တည်ဆောက်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ကုန်ထုတ်လမ်း​ဖောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်​ကြောင်းသိရသည်။
တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အင်္ဂလိပ်စာ ဝေါဟာရစကားလုံးများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချ တတ်စေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော “ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ ” ကို တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးကြိုတင် ကာကွယ်နှိမ်နင်း တားစီးရေး ပြုလုပ်ခြင်းဆောင်ရွက်
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက်အတွင်း၌ သွေးလွန်တုတ်ကွေးကြိုတင် ကာကွယ်နှိမ်နင်း တားစီးရေးပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ယနေ့နံနက်(၀၉:၀၀)နာရီက မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနခွဲတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။