တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးရေးဆောင်ရွက်

တန့်ယန်း  မေ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign နှင့် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းကို မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာစေျးရှေ့ ဗိုလ်ချုပ်လမ်းမကြီး၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးရေးလုပ်ငန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ် ကြီးအေးဇော်လတ်နှင့် တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးဋ္ဌာန၊ မြို့နယ်မီးသတ် ဦးစီးဋ္ဌာန၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ထော်လာဂျီများ၊ လမ်းအသုံးပြု သွားလာနေကြသော ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် စည်းကမ်းတကျ သိရှိလိုက်နာနိုင်ရန်အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး ပါးစပ်/နှာခေါင်းစည်း Mask အခု တစ်ထောင်ကိုလည်း ပေးဝေခဲ့ကြောင်း သိရသည်။   

မင်းလွင်ဦး(ပြန်/ဆက်)