ချမ်းအေးသာစံ မေ ၁၈
နွေရာသီ ကျောင်းပိတ်ရက်များကို အကျိုးရှိရှိအသုံးချတတ်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး မန္တလေးခရိုင်၊ ချမ်းအေးသာစံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်းတွင် ပန်းချီဆွဲပြိုင်ပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့သည်။
ယင်းပြိုင်ပွဲတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ကျောင်းသား၊ ကျောင်းသူများ ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက် များတွင် အကျိုးရှိစွာအသုံးပြုနိုင်စေရန်၊ အသိပညာဗဟုသုတများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများစသည့် ပြိုင်ပွဲများကို အခါအားလျော်စွာ စဉ်ဆက်မပြတ်ကျင်းပပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပပေးခဲ့ရာ စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသားကျောင်းသူလေးများ ပျော်ရွှင်စွာဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြသည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများ၊ စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးများအတွက် ပြည်သူ့စာကြည့်တိုက်fb pageတွင် ပုံပြောခြင်း၊ စက္ကူခေါက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည့်အစီအစဉ်များ၊ အသိပညာပေး Talk Show များ၊ စာဖတ်ခြင်းအစီအစဉ်များကို Online မှ တဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်