သတင်းများ

မဘိမ်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်
May 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 
တံတားဦးမြို့နယ်၌ မိုးဦးကာလတွင် တောင်သူများ ပဲတီစိမ်းများ စိုက်ပျိုး
May 18,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ တောင်သူများ မိုးဦးကာလတွင် ပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းမျာကို မေလ(၁၇)ရက် နံနက်(၉)နာရီ အချိန်က အမှတ်(၆)ရပ်ကွက်သို့သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က တစ်ပတ်လျှင်(၄)ကြိမ်  ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
May 18,2022
၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီး၊ မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့ညနေ ၄ နာရီက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဝန်ကြီးများ၊
ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာတံတားချဉ်းကပ်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်
May 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေရန်ရည်ရွယ်၍ ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာ ဆက်သွယ်ထားသည့်တံတားအား မိုးရာသီတွင် ရေတိုက်စားမှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရန်အတွက် တံတားချဉ်းကပ်လမ်းနှစ်ဖက်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မေလဒုတိယအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း လှိုင်းဘွဲမြို့နယ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။  
လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စုတွင် ရာအိမ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေး
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှကာကွယ်နိုင်ရန်ကာကွယ် ဆေးမထိုးနှံရသေးသည့် အသက် (၁၅) နှစ်မှ (၁၈) နှစ်အတွင်း ပြည်သူများ၊ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို
မုံရွာမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပန်းကြယ်သီးထိုးနည်း လက်မှု့ပညာ သင်တန်းဖွင့်လှစ်သင်ကြား
May 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အိမ်တွင်းလက်မှုပညာတစ်ရပ်ဖြစ်သည့် ပန်းကြယ်သီးထိုးနည်း သင်တန်းအား ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေး‌ပေးမည့် သင်တန်းဖွင်ပွဲအခမ်းအနားကို  ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကိုယနေ့နံနက် (၉)နာရီအချိန်က တောင်သာအ.ထ.ကကျောင်း နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။