သတင်းများ

ကျွန်းလှမြို့နယ်၌ ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
May 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရပ်ကွက်နေပြည်သူများထံ ကွင်းဆင်းဆောင်ရွက်
May 27,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေး ကတ်ပြားများကို ထောင်တလုတ်ရပ်ကွက် စိတ်ကျန်းမာရေးဆေး‌ရုံ ဓမ္မာရုံတွင် ယနေ့နံနက် (၉:၀၀) နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (အခမဲ့) အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကျင်းပ
May 27,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဆောင်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု(အခမဲ့) အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်ခန့်က တဲကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခွန်ရဲထွေး၊ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီလွင် တို့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ကမမောင်းမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊   အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ  စတင်ဆောင်ရွက်
May 27,2022
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် အခြေခံပညာကျောင်းများ‌ကျောင်း အပ်နှံခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံလက်ခံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောင်းအပ်နှံခြင်းလုပ်ငန်းများကိုလည်း စတင်အပ်နှံလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
May 27,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက
ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက် အပ်နှံမှုများပြား
May 27,2022
နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ ကျောင်းအပ်နှံမှု စတင်သည့်ရက်တွင် ကန်ကြီးထောင့်မြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများ များပြားကြောင်း သိရသည်။
ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  အေရိုးဗစ် သင်တန်းဆင်း ပွဲပြုလုပ်
May 27,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ ညနေပိုင်းက အေရိုးဗစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။