ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  အေရိုးဗစ် သင်တန်းဆင်း ပွဲပြုလုပ်

ပင်းတယ မေ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ ညနေပိုင်းက အေရိုးဗစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်မှ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် ကလေးများအတွက် ကိုယ်ကာယ ကြံ့ခိုင် ကျန်းမာဖွံ့ဖြိုးပြီး၊ စွမ်းရည်မြှင့်မားစေရန်နှင့် လူမှု့ပတ်ဝန်းကျင်တွင် အချင်းချင်း ရိုင်းပင်းကူညီ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အေရိုးဗစ်အားကစားနည်းသင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ သင်တန်းပြီးဆုံး၍ မိမိတို့အားလပ်ချိန်များတွင် အေရိုးဗစ်အားကစားနည်းများအား ဆက်လက်လေ့ကျင့်ပြုလုပ်စေချင်ကြောင်း၊ ရှင်းလင်းပြောကြားခဲ့ သည်။

အဆိုပါ အေရိုးဗစ်သင်တန်းအားမေလ ၂၄ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ၊ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ ကျောင်းသူ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြကာ၊ သင်တန်းဆင်းပွဲတွင် သင်တန်းနည်းပြဆရာမနှင့် သင်တန်းသူကလေးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ) အနေဖြင့် ကျောင်းသားလူငယ်များနှင့် အများပြည်သူ ဗဟုသုတရရှိစေမည့် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ Talk Show များ၊ နံရံကပ်စာစောင်များကို လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးလတ်