သတင်းများ

ဖျာပုံမြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေးဆောင်ရွက်
May 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်း ရောင်းချလျက်ရှိသော ဆေးအရောင်းဆိုင်များအား ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဦးဆောင်၍ မြို့နယ်အစာဆေးဝါးကော်မတီမှ မြို့နယ်အတွင်းရောင်းချလျက်ရှိသော အများပြည်သူ သုံးစွဲရန်မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင်ရောဂါ သောက်ဆေးနှင့် တရုတ်ဆေး ရသေ့ဆေး(သို့မဟုတ်) ထိုင်းဗိန်းတောတိုင်းရင်းဆေးနှင့် ပတ်သက်၍ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးပစ္စည်းအရောင်းဆိုင်များအား လိုက်လံစစ်ဆေးကြသည်။
မရမ်းကုန်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
May 18,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက် ​ပြည်လမ်းတွင် ယ​နေ့နံနက် ၁၀:၀၀နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ​ရေးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာ​နေသည့် ​​မော်​တော်ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက် ခဲ့သည်။
ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ပြည်သူလူထုသို့ ဖြန့်ဖြူးရန် ပျိုးပင်ပေါင်း သုံးသောင်းငါးထောင် ကျော်ကို ယာယီပျိုး ဥယျာဉ်နှစ်ခုဖြင့် ပျိုးထောင်ထားရှိ
May 18,2022
ဒေသတွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာကွယ်ရန် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်သစ်တောဦးစီးဌာနမှ ယခုနှစ် ပြည်သူလူထုသို့ ဖြန့်ဖြူးပေးရန် ပျိုးပင်ပေါင်း သုံးသောင်းငါးထောင်ကျော်ကို ယာယီပျိုးဥယျာဉ်နှစ်ခုတွင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
ကချင်ပြည်နယ် သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင် ပူတာအိုမြို့ မြို့ပေါ်ရပ်ကွက်များ၌ သောက်သုံးရေပေးဝေနေမှု လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
May 18,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့၀င် ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်၊ စည်ပင်၀န်ထမ်းများနှင့်အတူ ယနေ့ နံနက်(၇)နာရီက ပူတာအိုမြို့ပေါ်ရပ်ကွက်များ၌ သောက်သုံးရေ ပေးဝေနေမှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။
ဖြူးမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စာအုပ်များ ငှားရမ်းပေး
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စာအုပ်စာပေများ ပိုမိုဖတ်ရှုနိုင်စေရန်အတွက် ရည်ရွယ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံးစာကြည့်တိုက်တွင် ငှားရမ်း ပေးနေသည့်အပြင် ရွေ့လျား စာကြည့်တိုက်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ယနေ့နံနက်(၁၀)နာရီ အချိန်က စတင်ကာ သုတရသစာအုပ် စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် နယ်လှည့်ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေး
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက  မေလ(၁၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၆)ရပ်ကွက်သို့
E -ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ အချိန်မီရေးသွင်းပြီးစီးရေးအတွက် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြည့်ရှုအားပေး
May 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးတွင် ရွေးကောက်ပွဲဆိုင်ရာမဲစာရင်းများပြုစုနိုင်ရေးအတွက် e - ID စနစ် Excel Format ဖြင့် နိုင် - ၄ မှတ်တမ်းများ အချိန်မီရေးသွင်းပြီးစီးရေးအတွက် စာရင်းရေးသွင်းနေမှုအခြေအနေများကို ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများအဖွဲ့က ယနေ့ နံနက် ၁၁ နာရီအချိန်က ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ဝေါမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကျင်းပ
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ငါးလုပ်ငန်းဦးစီးဌာက ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါပိုက်ချက်များ အိတ်ဖွင့် တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ​​မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။