ကျွန်းလှ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြား ကျောင်းပြင်ပ ပြည်သူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်း၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးခြင်းဆောင်ရွက်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိသူများကို လူမျိုးအရွေးဘာသာမရွေး ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် မေ ၂၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် (၄၂၉၇၃ ) ဦး၊ ဒုတိယအကြိမ် (၃၀၈၉၆) ဦး၊ စုစုပေါင်း (၇၃၈၆၉) ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ