ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရပ်ကွက်နေပြည်သူများထံ ကွင်းဆင်းဆောင်ရွက်

ဒဂုံအရှေ့ မေ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ထောင်တလုတ်ရပ်ကွက် စိတ်ကျန်းမာရေးဆေးရုံ ဓမ္မာရုံတွင် ယနေ့နံနက် (၉:၀၀) နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဝင်းထွန်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ် (၁၀)နှစ်ပြည့် ()ဦး၊ နိုင်ငံသာစိစစ်ရေးကတ် လဲလှယ် ()ဦး၊ ကတ်ပြားမိတ္တူ ()ဦး စုစုပေါင်း ()ဦးတို့အား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြို့နယ် ဦးစီးမှူးရုံးတွင် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်စို့" ဆောင်ပုဒ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်ဦးစီးမှူးရုံး၌ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)