သတင်းများ

ရွှေပြည်သာမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ရှေးဦးသူနာပြုစုနည်းအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုများ ရရှိတိုးပွားစေရန်
တောင်ပြိုလက်ဝဲမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့်အနီးရှိကျေးရွာများ၌ တောဆင်ရိုင်းများ အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
May 18,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် အနီးရှိကျေးရွာများ၌ တောဆင်ရိုင်းများအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မင်းလှမြို့နယ်၌ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲ စာ‌စောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီချိန်က စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲ စာ‌စောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက် ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်စာစောင်များ လိုက်လံ ငှားရမ်းပေး
May 18,2022
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအ‌နေဖြင့် အားလပ်သည့်အချိန်တွင် စာအုပ်စာပေများဖတ်ရူသည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့်‌ ကော့မှူးမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ လာ‌ရောက်ငှားရမ်းရန် အချိန်မရှိသူများအတွက် မိမိတို့ရုံးဌာနများ‌အ‌ရောက် အချိန်မကုန်လူမပင်ပန်း‌ စေဘဲစာအုပ်စာ‌စောင်များများ ဖတ်ရူနိုင်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက ယနေ့ နံနက်က တောင်ပိုင်းရပ်ကွက်မြို့နယ် သမဝါယမဦးစီးဌာနရုံးအရောက် လိုက်လံငှားရမ်းပေးနေကြောင်း သိရသည်။
သာပေါင်းမြို့နယ်အတွင်း ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခပ်ခြင်းများဆောင်ရွက်
May 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate) ခပ်ခြင်းများကို ယနေ့ နံနက် ၇ နာရီအချိန်မှစတင်၍ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။
သုံးခွမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်ရှိ လူငယ်လူရွယ်များ နည်းပညာများတိုးတက်လာသည်နှင့်အညီ Software ပိုင်းဆိုင်ရာ အချက်အလက်များကို သိရှိနားလည်တတ်စေရန်နှင့်
ရေတာရှည်မြို့နယ်တွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ပြုလုပ်
May 18,2022
ပဲခူးတိုင်း​​ဒေသကြီး၊​ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် စိတ်ကြိုက်ပန်းချီရေးဆွဲခြင်း ပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်တနင်းဖလုံလမ်းတွင်  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ ရာနှုန်းပြည့်ပြီးစီး
May 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၈.၃၇၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တနင်းဖလုံလမ်းသွယ်(၂)လမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို မေလ ၁၈ရက်‌နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မေလ ၁၈ရက်နေ့တွင် ရာနှုန်းပြည့်ပြီးဖြစ်ကြောင်း သိရသည်။