ဝေါ မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ငါးလုပ်ငန်းဦးစီးဌာက ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါပိုက်ချက်များ အိတ်ဖွင့် တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်ဝင်းက လေလံတင်ရောင်းချရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဇော်မြင့်နိုင်က လေလံပါကြော်ငြာ စည်းကမ်းချက်များအား ရှင်းလင်းဖတ်ကြားပေးသည်။
ထို့နောက်၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက်(ပထမ)အကြိမ် ဂရန်အင်းများ လေလံတင် ရောင်းချခြင်းနှင့် တင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါရောင်းချရာ ဂရန်အင်း(၃၂) အင်းရှိသည့်အနက် (၁၀)အင်းနှင့် တင်ဒါပိုက်ချက် (၇)ချက်ရှိသည့်အနက်(၅)ချက်ရောင်းချရကြောင်း သိရသည်။
စိုးမိုးအောင်