ဖျာပုံမြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေးဆောင်ရွက်

ဖျာပုံ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်း ရောင်းချလျက်ရှိသော ဆေးအရောင်းဆိုင်များအား ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဦးဆောင်၍ မြို့နယ်အစာဆေးဝါးကော်မတီမှ မြို့နယ်အတွင်းရောင်းချလျက်ရှိသော အများပြည်သူ သုံးစွဲရန်မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင်ရောဂါ သောက်ဆေးနှင့် တရုတ်ဆေး ရသေ့ဆေး(သို့မဟုတ်) ထိုင်းဗိန်းတောတိုင်းရင်းဆေးနှင့် ပတ်သက်၍ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးပစ္စည်းအရောင်းဆိုင်များအား လိုက်လံစစ်ဆေးကြသည်။

ထိုသို့အများပြည်သူ သုံးစွဲရန်မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင်ရောဂါ သောက်ဆေးနှင့် တရုတ်ရသေ့ဆေး(သို့မဟုတ်) ထိုင်းဗိန်းတောတိုင်းရင်းဆေးနှင့် ပတ်သက်၍ လိုက်လံစစ်ဆေးရာတွင် ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာန၊ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာနှင့် ဝန်ထမ်းများ၊ မြို့နယ်အစာဆေးဝါးကော်မတီမှ တာဝန်ရှိသူများသည် တိုင်းရင်းဆေးကုဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ပြည်သူများသုံးစွဲရန် မသင့်သည့် ဆေးဝါးများအား၊ နေ့စဉ်ထုတ်သတင်းစာများတွင် အသိပေးကြေညာထားပြီးဖြစ်ရာ အဆိုပါ ဆေးဝါးများအား စျေးကွက်အတွင်း၊ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေမှုများ ရှိ/ မရှိနှင့် အများပြည်သူ ကျန်းမာရေးကို ရှေ့ရှု၍ အရေးယူဆောင်ရွက်နိုင်ရေး လိုက်လံကွင်းဆင်း စစ်ဆေးကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)