ငဖဲ မေ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးတွင် ရွေးကောက်ပွဲဆိုင်ရာမဲစာရင်းများပြုစုနိုင်ရေးအတွက် e - ID စနစ် Excel Format ဖြင့် နိုင် - ၄ မှတ်တမ်းများ အချိန်မီရေးသွင်းပြီးစီးရေးအတွက် စာရင်းရေးသွင်းနေမှုအခြေအနေများကို ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများအဖွဲ့က ယနေ့ နံနက် ၁၁ နာရီအချိန်က ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးဦးပွားမောင်က နိုင်-၄ မှတ်တမ်းများကို မေလ (၁၈)ရက်နေ့အထိ စာရင်းရေးသွင်းပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်းက စာရင်းများမှတ်တမ်းဖြည့်စွက်ခြင်းနှင့် မြေပြင်လူဦးရေစာရင်းများ ရေးသွင်းမှုတွင် အမှားအယွင်း မဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဌာနဆိုင်ရာများစုပေါင်းအဖွဲ့၏ e - ID စနစ် Excel Format ဖြင့် နိုင် - ၄ မှတ်တမ်းများစိစစ် ဖြည့်သွင်းခြင်းနှင့် Software အတွင်းထည့်သွင်းမှုတွင် Excel Formatဖြင့် ရိုက်သွင်းရမည့်အရေအတွက်မှာ လူဦးရေ(၅၄၅၅၉)ဦးဖြစ်ရာ မေလ ၁၈ ရက် ယနေ့အထိ (၂၄၅၀၀)ဦးထည့်သွင်းပြီး ပြီးစီးမှုရာခိုင်နှုန်းမှာ (၄၄.၉၀)ရာခိုင်နှုန်း နှင့် Software အတွင်းထည့်သွင်းပြီးအရေအတွက်မှာ လူဦးရေ (၂၅၀၀၀)ဖြစ်၍ ပြီးစီးမှုရာခိုင်နှုန်းမှာ (၄၅.၈၂)ရာခိုင်နှုန်း ထည့်သွင်း ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
မယု (ငဖဲ)