ရေတာရှည် မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက မေလ(၁၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၆)ရပ်ကွက်သို့ နယ်လှည့်ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သွားရောက်၍ သုတရသစာအုပ်စာစောင်များအား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံးစာကြည့်တိုက်တွင် စာအုပ်စာပေများ ငှားရမ်းပေးနေသည့်အပြင် စာကြည့်တိုက်နှင့် ဝေးကွာသောနေရာများနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ သုတ/ရသ စာအုပ်များအား အပတ်စဉ် လှည့်လည်ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)