မင်းလှမြို့နယ်၌ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲ စာ‌စောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မင်းလှ မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီချိန်က စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲ စာ‌စောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာ‌အောင်က စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဝန်ထမ်းများအားလုံး စာကြည့်တိုက်ကိစ္စရပ်များကို မှန်ကန်မြန်ဆန်စွာ တတ်မြောက်ထားရန်လိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်အဓိပ္ပယ်၊ စာကြည့်တိုက်ပညာနှင့် အမျိုးအစားများ၊ စာစုနှင့်စာပြုလုပ်ငန်း စာဌားစနစ်၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာရေးသူကတ်ပြားများ၊ စာကြည့်တိုက်အောင်မြင်ရေးစသည့် အကြောင်းအရာများကို  အလှည့်ကျဖတ်ကြား ရှင်းလင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ