ရွှေပြည်သာမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ရှေးဦးသူနာပြုစုနည်းအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ရွှေပြည်သာ မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုများ ရရှိတိုးပွားစေရန် Online မှတဆင့် ပုံပြင်များ၊ ကဗျာများ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ရှေးဦးသူနာပြုစုနည်းအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည်။ အသိပညာပေးဆွေးနွေးပွဲတွင် ရွှေပြည်သာမြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်အေးအေးမိုးနှင့်‌ ရွှေပြည်သာမြို့နယ်ကြက်ခြေနီအသင်း(ခွဲ) ဥက္ကဋ္ဌ ဒေါ်ဝင်းပပမျိုးတို့က ရှေးဦးသူနာပြုစုနည်းများ၊ ကြက်ခြေနီအသင်း(ခွဲ)မှ ရွှေပြည်သာမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေး၊ သဘာဝဘေးများကျရောက်ပါက ကူညီဆောင်ရွက်ပေးနေမှုများ၊ အရေးပေါ်အကူအညီလိုအပ်ပါက လူနာတင်ယာဉ်နှင့်မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့အား အကူအညီတောင်းခံနိုင်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)