သာပေါင်းမြို့နယ်အတွင်း ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခပ်ခြင်းများဆောင်ရွက်

သာပေါင်း မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate) ခပ်ခြင်းများကို ယနေ့ နံနက် ၇ နာရီအချိန်မှစတင်၍ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မေလ ၁၈ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ တစ်လမ်းချင်း၊ အိမ်စိလိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate) ခပ်ခြင်းများ၊ ပြည်သူများ သွေးလွန်တုတ်ကွေး မဖြစ်ပွားစေရေး အသိပညာပေး ဆောင်ရွက်နေပြီး ဆက်လက်၍ ကောက်သင်းကောက် တစ်အိမ်မကျန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)