ရေတာရှည် မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် စိတ်ကြိုက်ပန်းချီရေးဆွဲခြင်း ပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာရေတာရှည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦ:စီးအရာရှိ ဒေါ်အေးဆုစံက ပြိုင်ပွဲကျင်းပရခြင်းမှာ ကလေးငယ်များ ဉာဏ်ရည်ဖွံဖြိုးတိုးတက်စေရန်နှင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်ရှိစေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စိတ်ကြိုက်ပန်းချီရေး ဆွဲခြင်းပြိုင်ပွဲကို ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ပျော်ရွှင် ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုလာတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆေးရောင်ခြယ်ခြင်း၊ ပန်းချီရေးဆွဲခြင်းများ၊ ပန်းချီရေးဆွဲနည်းများ၊ ပြိုင်ပွဲများနှင့် စာအုပ်စာစောင်ပြပွဲများအား ပြုလုပ်ဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)