သုံးခွမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

သုံးခွ မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်ရှိ လူငယ်လူရွယ်များ နည်းပညာများတိုးတက်လာသည်နှင့်အညီ Software ပိုင်းဆိုင်ရာ အချက်အလက်များကို သိရှိနားလည်တတ်စေရန်နှင့် မိသားစုများ ဘုရားဖူးသွားအမှတ်တရပုံများ၊ သူငယ်ချင်းများနှင့်ခရီးသွားပုံများကို အမှတ်တရသိမ်းဆည်းတက်စေရန်အတွက် ကိုယ်တိုင်ဗီဒီယိုတည်းဖြတ်တတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဗီဒီယိုတည်းဖြတ် နည်းသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို ပထမရက် မေလ ၁၇ ရက်နေ့တွင် သင်တန်းနည်းပြဆရာ ဦးစည်သူလင်းမှ သင်တန်းသား၊ သင်တန်းသူများအား Kinemaster Software ဖြင့် ဗီဒီယိုတည်းဖြတ်နည်း အဆင့်ဆင့်ကို စာ‌တွေ့သင်ကြားပြသ‌ ပေးခဲ့ပြီး‌နောက် သင်တန်းသား၊ သင်တန်းသူများအား မိမိတို့၏ဖုန်းများဖြင့် လက်တွေ့အသုံးပြုနိုင်ရန်အတွက် Kinemaster Software ကိုထည့်သွင်း‌ပေးပြီး စက်ဝိုင်းပုံသဏ္ဍန်အပေါင်းလက္ခဏာပုံ project Assistant ကိုနှိပ်ပြီး ဖိုင်ခေါင်းစဉ် Label ထိုးရမှာဖြစ်ပါကြောင်း၊ မိမိတို့ Camera၊ Videoများတွင် ရိုက်ထားသည့် ဓာတ်ပုံ၊ ဗီဒီယိုများကိုရွေးချယ်၍ Soft ware တွင် ပါရှိသည့် Next အား၄ ကြိမ်နှိပ်လိုက်ပါက Kinemaster ဗီဒီယိုတည်းဖြတ် နည်းပိုင်းသို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ ယင်းနောက် Audio အားနှိပ်၍ မိမိကြိုက်နှစ်သက်ရာ အသံဖိုင်ကိုထည့်ပြီး Save လုပ်လျှင် ဗီဒီယိုဖိုင်ရရှိပြီဖြစ်ပါကြောင်း လက်တွေ့သင်ကြားပေးခဲ့သည်။

ယနေ့ဒုတိယနေ့သင်တန်းတွင် သင်တန်းဆရာက ပထမနေ့တွင် သင်ကြားပေးခဲ့သည်များကို ပြန်လည်ရှင်းလင်းပြသပေးခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများအား ဗီဒီယိုတည်းဖြတ်နည်းကို လက်တွေ့ပြုလုပ်စေပြီး မရှင်းလင်းသည့်အ‌ကြောင်းအရာများကို ပြန်လည်ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို မေလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ထိ နှစ်ရက်ကြာသင်ကြားပို့ချပေးနေခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၁၄)ဦးတို့က စိတ်ပါ၀င်စားစွာလက်တွေ့ပြုလုပ် လေ့လာသင်ကြားခဲ့ကြသည်။

စည်သူလင်း(ပြန်/ဆက်)