ကော့မှူး မေ ၁၈
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအနေဖြင့် အားလပ်သည့်အချိန်တွင် စာအုပ်စာပေများဖတ်ရူသည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့် ကော့မှူးမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အချိန်မရှိသူများအတွက် မိမိတို့ရုံးဌာနများအရောက် အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များများ ဖတ်ရူနိုင်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်က တောင်ပိုင်းရပ်ကွက်မြို့နယ် သမဝါယမဦးစီးဌာနရုံးအရောက် လိုက်လံငှားရမ်းပေးနေကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် စာအုပ်စာပေချစ်မြတ်နိုးသူများ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ယာယီရပ်နားထားရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းလာပြီဖြစ် သောကြောင့် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးနေခြင်းဖြစ်ပြီး မြို့နယ် ပြည်သူစာကြည့်တိုက်တွင် လည်းမည့်သူမဆိုအခမဲ့လာ ရောက်ငှားရမ်းဖတ်ရူနိုင် ကြောင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်ထံမှ သိရသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများနှင့်ပြည်သူများ လက်ဝယ်အရောက် ဖတ်ရူနိုင်စေရန် ဝတ္တု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိစေရန်သုတ / ရသစာအုပ် (၁၀၀၀) ကျော်ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ်နှစ်ပတ်လျှင် တစ်ကြိမ်စာအုပ်အသစ်များဖြင့် ပြန်လည်ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ