သတင်းများ

မြဝတီမြို့၌ Grade 8 စနစ်သစ်(သင်ရိုးသစ်) မြို့နယ်အဆင့်ဆင့်ပွားသင်တန်းသို့ ဆရာဆရာမ ၃၃၃ ဦး တက်ရောက်
May 17,2022
ကလေးများအားလုံး သင်ယူတတ်မြောက်မှုအရည်အသွေးမြင့်မားရန်နှင့် ဆရာဆရာမများအားလုံး သင်ကြားမှုအရည်အသွေးများ ဖွံ့ဖြိုးတိုး တက်မြင့်မားလာရန် ရည်ရွယ်ပြီး Grade 8 စနစ်သစ်(သင်ရိုးသစ်) မြို့နယ်အဆင့်ဆင့်ပွားသင်တန်းကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ဆရာ ဆရာမ ၃၃၃ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားအမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
May 17,2022
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အမျိုးသားအမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယမန်နေ့ ညနေ ၃နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
မိုးညှင်းမြို့နယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားပို့ချ
May 17,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ မြသရဖူခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
May 17,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ မေ ၁၀ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ယနေ့နံနက် ၉နာရီအချိန်က သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် စက်မှုကုန်ကြမ်းသီးနှံ ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်ကွက် ဧက ၄၀လျာထား စိုက်ပျိုးမည်
May 17,2022
စစ်ကိုင်းတိုက်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် စက်မှုကုန်ကြမ်းသီးနှံ ချည်မျှင်ရှည်ဝါ  မျိုးစေ့ထုတ်ကွက် ဧက ၄၀ လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒေးဒရဲမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
May 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် (Grade-8)သင်ရိုးသစ် ဘာသာရပ်များအား ဆင့်ပွားသင်တန်းဖွင့်လှစ်
May 17,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၀၇)ကျောင်းရှိ ကြောင်းသိရှိရပြီး အမှတ်(၁)အခြခံပညာအထက်တန်းကျောင်းတွင် ဧပြီ(၁၇)ရက် နံနက်(၉)နာရီက ဆရာကိုင်လမ်းညွှန်စာအုပ်များ ကျွမ်းကျင်စွာ သိရှိသဘောပေါက်ပြီး ကျောင်းသား/ကျောင်းသူများအား သင်ရိုးသစ် ဘာသာရပ်များသင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက်  (Grade-8) သင်ရိုးသစ်ဘာသာရပ်များအား ဒုတိယနေ့အဖြစ် ဆက်လက်သင်ကြားခဲ့ကြောင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ် ပုရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 17,2022
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်များ ဖြစ်ပေါ်စေရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို မေလ (၁၇) ရက် နံနက်(၇)နာရီ (၃၀)မိနစ်အချိန်က ရတနာပုံတက္ကသိုလ်ပုရဝုဏ်အတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။