ဒေးဒရဲ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောခြင်းကို ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန (တာဝန်ခံ) ဦးသိန်းမောင်က ကုန်စည်အုပ်စု၊ ကုန်အညွှန်းအမှတ်အသားများ၊ ပြုပြင်မွမ်းမံပြီး/ ပြုပြင်ပြောင်းလဲပြီး ရောင်းချမှုများ၊ စားသုံးရန်မသင့်သော အစားအစာများ၊ တားမြစ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ၊ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ အချက်များနှင့် စားသုံးသူရေးရာဥပဒေများ အသိပညာပေး ပြောကြားခဲ့သည်။ ဟောပြောပွဲသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်မှ ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
အေဇာလင်း