သတင်းများ

လှိုင်မြို့နယ်ဗဟိုလမ်း၊ ဘုရင့်နောင်လမ်း၊ လှိုင်မြင့်မိုလ်(၃)လမ်းနှင့် ပါရမီလမ်းတို့တွင် သန့်ရှင်းသပ်ရပ်ရေး မြက်ရိုင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေမြောင်းရှင်းလင်းခြင်းများ ဆောင်ရွက်
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ယနေ့နံနက် (၇:၀၀) အချိန်က လှိုင်မြို့နယ် ​(၁၀)ရပ်ကွက်၊ လှိုင်​မြင့်မိုရ်(၃)လမ်းတွင် ရေတင်မှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊‌‌ ရေစီး‌ရေလာဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်း‌ရေးနှင့် သန့်ရှင်း‌ရေးဌာမှ ဝန်ထမ်းများက ရေမြောင်းများ ရှင်းလင်းခြင်း နှင့်လှိုင်မြို့နယ် ဗဟိုလမ်း၊ ဘုရင့်နောင်လမ်းနှင့် ပါရမီလမ်းရှိ စင်္ကြံဘေး မြက်ရိုင်းပင်များ ရှင်းလင်းခြင်းအား သန့်ရှင်းရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
တောင်သာမြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြို့နယ်သစ်တောဦးစီးဌာနမှ  ပျိုးပင်ပေါင်း ၂၆၀၀၀  စိုက်ပျိုးမည်
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ၂၀၂၂ ခုနှစ်မိုးရာသီကာလ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပျိုးပင်မျိုးစုံ (၂၆၀၀၀)စိုက်ပျိုးသွားရန်မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲလွင်ထံက သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၄၈၆၃ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
May 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၈၆၃) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲ ခင်းကျင်းပြသ
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ စာပေဖတ်ရှု လေ့လာလိုစိတ်တိုးပွားစေရန်၊ စာအုပ်စာစောင်များအား ချစ်မြတ်နိုးတတ်စေရန်နှင့် စာကြည့် တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍ စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခင်းကျင်းပြသခဲ့သည်။
ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်တွင် သီးနှံများ စိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေများ ထုတ်ပေးလျက်ရှိ
May 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မေ ၁၆ ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောက်မဲမြို့နယ်အတွင်းရှိ စပါး၊ ပြောင်းဖူးစိုက်ပျိုးမည့် တောင်သူများအား မိုးရာသီ‌ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် အခြေခံပညာအလယ်တန်းဆင့် Grade-8 (သင်ရိုးသစ်)သင်တန်း ဆက်လက်သင်ကြား
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့် Grade-8 (သင်ရိုးသစ်) သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့၌ အိုမီခရွန် အပါအဝင်  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်
May 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရောဂါကာကွယ်ရေးလမ်းညွှန်ချက်၊ စည်းကမ်းချက်များကို​ မြို့ပေါ်ရှိက ရပ်ကွက်များသို့ သွားရောက်၍ အသိပညာပေးဆော်ဩရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
May 18,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၇ ရက် နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။