ကျောက်ဆည်မြို့တွင် (Grade-8)သင်ရိုးသစ် ဘာသာရပ်များအား ဆင့်ပွားသင်တန်းဖွင့်လှစ်

ကျောက်ဆည် မေ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၀၇)ကျောင်းရှိကြောင်း သိရှိရပြီး အမှတ်(၁)အခြခံပညာအထက်တန်းကျောင်းတွင် ဧပြီ(၁၇)ရက် နံနက်(၉)နာရီက ဆရာကိုင်လမ်းညွှန်စာအုပ်များ ကျွမ်းကျင်စွာ သိရှိသဘောပေါက်ပြီး ကျောင်းသား/ကျောင်းသူများအား သင်ရိုးသစ် ဘာသာရပ်များသင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက်  (Grade-8) သင်ရိုးသစ်ဘာသာရပ်များအား ဒုတိယနေ့အဖြစ် ဆက်လက်သင်ကြားခဲ့ကြောင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ရုံးအဖွဲ့(၂)ဦး၊ ကြီးကြပ်(၃)ဦး၊ သင်တန်းမှူး(၁)ဦးနှင့် သင်တန်းနည်းပြ(၃၂)ဦးမှ သင်တန်းသား/သင်တန်းသူ၊ ဆရာ/ဆရာမ(၄၃၈)ဦးအား သင်ကြားပေးလျက်ရှိပြီး သင်တန်းတွင် (Grade-8) သင်ရိုးသစ်ဘာသာရပ်ပါ မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာ ရပ်၊ သင်္ချာဘာသာရပ်၊ ပထဝီဘာသာရပ် ပထဝီဘာသာရပ်၊ သမိုင်းဘာသာရပ်၊ သိပ္ပံဘာသာရပ်၊ စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်၊ ကာယပညာသက်ဆိုင်ရာ သင်တန်းဆရာများက သင်တန်းအခန်း(၁၅)ခန်းတွင် သင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မူလတန်းကျောင်း-ခွဲ(၁)၊မူလတန်းကျောင်း(၁၂၉)၊ မူလတန်းလွန်ကျောင်း (၂၆)ကျောင်း၊ အလယ်တန်း(၈)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၂)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၉)ကျောင်း၊အထက်တန်းကျောင်း(၁၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁) ကျောင်းနှင့်အထက်တန်းကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း(၁၁)ကျောင်း၊ မူလတန်းလွန်ကျောင်း(၆) ကျောင်းနှင့် အလယ်တန်းကျောင်း(၁)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်မောင်