ငါန်းဇွန် မေ ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ မေ ၁၀ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ယနေ့နံနက် ၉နာရီအချိန်က သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက သင်တန်းဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် သင်တန်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့သော မြို့နယ်ကြက်ခြေနီအသင်းဥက္က ဦးထင်ကျော်အား ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး သင်တန်း နည်းပြများဖြစ်သည့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ဦး၊ မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာထွန်းထွန်းစိုးနှင့် ဦးစီးအရာရှိ ဒေါ်နေခြည်ဦးတို့က မေတ္တာလက်ဆောင်များ ပေး အပ်ကြသည်။
ဆက်လက်၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း၌ တက်ရောက်သင်ယူမှု အရည်အချင်းစစ်စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ သင်တန်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးမျိုးမင်းသိန်း၊ အဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှသိန်းနှင့် ဦးစီးအရာရှိ ဒေါ်နေခြည်ဦးတို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
သက်နောင်ဦး(ငါန်းဇွန်)