သတင်းများ

သာယာဝတီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးမည့် တောင်သူတစ်ဦးချင်း စီမံကိန်းတာဝန်ပေးအပခြင်း အခမ်းအနားကျင်းပ
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးမည့် တောင်သူတစ်ဦးချင်း စီမံကိန်းတာဝန်ပေးအပ်ခြင်း အခမ်းအနားကို မေလ ၁၈ ရက် နံနက်ပိုင်းက သုံးထောင့်ကန်ကျေးရွာအုပ်စု ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့သည်။
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
May 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုး တက်စေရန်ရည်ရွယ်၍ အလယ်တန်းအဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။ 
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေး
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ်( First Dose ၊ Second Dose) ထိုးနှံပြီးသည့် အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား Booster Dose အကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း(၁၆၈)ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးနှင့်အထက်ရှိသူများ ပထမအကြိမ် စုစုပေါင်း(၂၆)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၁၆)ရှိကြောင်းသိရှိရသည်။
ငဖဲမြို့နယ် မာန်အောင်ကျေးရွာအုပ်စုနှင့် မြစ်ဖျားကျေးရွာအုပ်စုများမှ နွား(၁၇၅)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများထိုးနှံပေး
May 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သောရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများကို ကျေးရွာများသို့ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ပိုင်းကစတင်၍ မာန်အောင်ကျေးရွာအုပ်စုနှင့် မြစ်ဖျားကျေးရွာအုပ်စုမှ နွား(၁၇၅)ကောင်များ ပေါင်ပုပ် လက်ပုပ်ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသိရသည်။
မသန်စွမ်းသူများအတွက် အခြေခံဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ
May 18,2022
မသန်စွမ်းသူများအတွက် အခြေခံဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက ညောင်ရွှေမြို့ အ.ထ.က(၁) ကျောင်း ပတ္တမြားခန်းမ၌ ကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ခြင်းအကျိုး‌ကျေးဇူး ဆွေးနွေးပွဲ Talk Show ပြုလုပ်
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နေလယ် (၁၂) နာရီအချိန်က စာဖတ်ခြင်းအကျိုး‌ ကျေးဇူးဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။
ရေနံချောင်းတက္ကသိုလ်၌ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား
May 18,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းတက္ကသိုလ် နေ့သင်တန်းများကို ယခုလ မေ ၁၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
May 18,2022
ရန်ကုန်တိုင်း​​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(CoviShield)နှင့် Sinovac များအား First Dose ၊ Second Dose နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် အမှတ်(၁၀)ရပ်ကွက်‌၊ ဟေမဝန်ဓမ္မာရုံတို့၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်းသိရသည်။