မိုးညှင်းမြို့နယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားပို့ချ

မိုးညှင်း မေ ၁၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ မြသရဖူခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်း ဖွင့်လှစ်သင်ကြားပို့ချရာတွင် နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကသော့ချက်ဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ မိုညှင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအား Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် သင်ကြားပို့ချရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

အခြေခံပညာအလယ်တန်းအဆင့် Grade-8 သင်ရိုးသစ်အား အခြေခံပညာကျောင်းများမှ မြို့နယ်အဆင့်သင်တန်းသို့ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမ (၃၆၁)ဦး တက်ရောက်ကြပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာဘာသာရပ်တို့ကို မေလ (၁၆)ရက်နေ့မှ (၁၈)ရက်နေ့ထိ သုံးရက်ကြာ သင်ကြားပို့ချပေးသွာမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)