ရတနာပုံတက္ကသိုလ် ပုရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

အမရပူရ မေ ၁၇

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်များ ဖြစ်ပေါ်စေရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို မေလ (၁၇) ရက် နံနက်(၇)နာရီ (၃၀)မိနစ်အချိန်က ရတနာပုံတက္ကသိုလ်ပုရဝုဏ်အတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသန့်ရှင်းရေးပြုလုပ်ရာတွင် အမရပူရမြို့နယ်အတွင်းရှိ ပြည်သူလူထု၏ ကျန်းမာရေး ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပသော ပတ်ဝန်း ကျင်များဖြစ်ပေါ်စေရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းနှင့် အဖွဲ့ဝင်များ ၊မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများကပူးပေါင်း၍ ရတနာပုံတက္ကသိုလ်ပရဝုဏ်အတွင်းရှိ ချုံနွယ်ပင်များ၊ မြက်ပင်များ၊ အမှိုက်များအား သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တင်တင်လှ