မြဝတီခရိုင်၌ “ရေဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ” အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
May 17,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်၁၀နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်“ရေဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ” အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ရာ မြဝတီခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။