သတင်းများ

သာယာဝတီမြို့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်အမီ ကျောင်းများ သန့်ရှင်းသာယာ လှပစေရေး စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မကြာမီကာလအတွင်း စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် ကျောင်းဥပဓိရုပ် သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် စာသင်ကျောင်းများ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပညာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက စတင်၍ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ပြည်ကြီးမဏ္ဍိုင်မြို့၌ အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ဆောင်ရွက်
May 17,2022
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ (Community Center) ခန်းမတွင် အသိပညာ‌ပေးဟောပြောပွဲနှင့် ကလေးစာဖတ်ခန်းတွင် ကဗျာရွက်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
မြို့သစ်မြို့နယ်၌ စိန်တစ်လုံးသရက်မျိုးများ စိုက်ပျိုးအောင်မြင်
May 17,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ တောင်သူများသည် စိန်တစ်လုံးသရက်မျိုးများကို မြေအောက်ရေဖြင့် အသုံးပြု၍ စိုက်ပျိုးလျက်ရှိရာ ကွက်သစ်ရပ်ကွက်တွင် စိန်တစ်လုံးသရက်မျိုးများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တောင်ငူ လူထုအခြေပြုဗဟိုဌာန၌ အေရိုးဗစ်နှင့် Physical Fitness Dance သင်တန်း ဖွင့်လှစ်
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ခရိုင်ပြန် / ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အေရိုးဗစ်နှင့် Physical Fitness Dance သင်တန်း ဖွင့်လှစ်သည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းအဖြစ် အဘိတ်ဆေးခတ်ဆောင်ရွက်
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု ဝက်တူးကျေးရွာနှင့် ငနွားဆိပ်ကျေးရွာတို့၌ ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့်
ဆီဆိုင်မြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
May 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌  သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးတို့ကိုရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက မြကန်သာရပ်ကွက်ရှိ ဆီဆိုင်ဂေါက်ကလပ်ဝင်းအတွင်း၌ ၂၀၀၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပသည်။
တောင်ငူ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
May 17,2022
​ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှု သုတေသနဖွံ့ဖြိုးရေး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးမှုနှင့် သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ခရိုင်ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် Grade-8 သင်ရိုးသစ်( မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းများ ဖွင့်လှစ်
May 17,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်စီစဉ်မှုဖြင့် Grade-8 သင်ရိုးသစ်(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းများကို ယမန်နေ့နံနက်မှစတင်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ဆောင်များတွင် ဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည်။