ကဝ မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၈:၀၀)နာရီက အခြေခံပညာအထက်တန်းကျောင်း (ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အဆင့် Grade-8(သင်ရိုးသစ်) သင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဌေးက မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါမြို့နယ်အဆင့်Grade-8(သင်ရိုးသစ်)သင်တန်းကို နည်းပြဆရာ/ ဆရာမ(၆၀)ဦးက ဆွေးနွေးပို့ချမည်ဖြစ်ပြီး၊ ကဝမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမ (၇၀၅)ဦးတို့ တက်ရောက်ကြရာ သင်တန်းကာလမှာ မေလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၃)ရက်ကြာနေ့စဉ်နံနက်(၈)နာရီမှ ညနေ(၄)နာရီထိ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းသန်းဝင်း