တောင်ငူ မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ခရိုင်ပြန် / ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အေရိုးဗစ်နှင့် Physical Fitness Dance သင်တန်း ဖွင့်လှစ်သည်။
ဖွင့်ပွဲ၌ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်စိုးက အဖွင့်အမှာ စကားပြောကြားပြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ တောင်ငူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတက်ရောက်ပြီး သင်တန်းတွင် ကိုယ်ကာယ လေ့ကျင့်ခန်း၊ အေရိုးဗစ် အကြီးတန်းကကွက်နှင့် Physical Fitness Dance များ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေး လေ့ကျင့်မှုများ ပါဝင်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလအနေဖြင့် မေလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်