ကျောက်ပန်းတောင်းမြို့နယ်တွင် Grade-8 သင်ရိုးသစ်( မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းများ ဖွင့်လှစ်

ကျောက်ပန်းတောင်း မေ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်စီစဉ်မှုဖြင့် Grade-8 သင်ရိုးသစ်(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းများကို ယမန်နေ့နံနက်မှစတင်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ဆောင်များတွင် ဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ဆရာ/ဆရာမများအား Grade-8 သင်ရိုးသစ်သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ Grade-8 သင်ရိုးသစ် ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များ အသုံးပြုပုံများကိုသိရှိစေရန်နှင့် Grade-8 သင်ရိုးသစ် ဆင့်ပွားသင်တန်း၏ ယေဘုယျဦးတည်းချက်များနှင့် အဓိကဦးတည်ချက်များကို သင်ကြားရေးဆိုင်ရာ ဆရာ/ဆရာမကြီးများ နားလည်းသဘောပေါက်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်ထံမှ သိရသည်။

အဆိုပါ သင်တန်းသို့ စာရင်းရှိသင်တန်းသား၆၈၃ ဦးအနက် (၅၈၈)ဦး တက်ရောက်ကြပြီး၊ နည်းပြ ဆရာ/ဆရာမ (၅၆)ဦး ရုံးအဖွဲ့/ကြီးကြပ်(၆)ဦးနှင့်ကျန်းမာရေးဝန်ထမ်း(၃)ဦး စုစုပေါင်း(၆၅၃)ဦး တက်ရောက်လျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ(၁၆-၅-၂၀၂၂)ရက်နေ့မှ (၁၈-၅-၂၀၂၂)ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)