ရှမ်းရွာသစ် မေ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၆၉.၆)သန်းဖြင့် (34.2) km နှင့်( 34.4)km ကြားရှိ ပြိုကျသွားသော တံတားချဉ်းကပ်လမ်း အရှည်(၆၁)မီတာနှင့် အမြင့်(၃.၆၆)မီတာရှိ ကျောက်စီမြေထိန်းနံရံ ပြုလုပ်ခြင်း လုပ်ငန်းကိုလည်း ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၆၉.၆)သန်းဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက တောင်ကျရေတိုက်စားမှုအန္တရာယ်မှ ကင်းဝေးပြီး လမ်းပမ်းဆက်သွယ်ရေးယခင်ကထက် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်းလမ်းဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)