မင်းဘူးမြို့ပေါ်တွင် ယာဉ်စည်ကမ်း၊ လမ်းစည်ကမ်း၊ ပညာပေးခြင်းနှင့် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်

မင်းဘူး မေ ၁၇

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ပေါ်တွင် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်ရှင်းစေရန်နှင့် ယာဉ်စည်းကမ်း လိုက်နာစေရေးတို့အတွက် ရဲအုပ်နေလင်း ဦးဆောင်သည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီအချိန်က ဆေးရုံရှေ့ မင်းဘူး(စကု) လမ်းမကြီးပေါ်တွင်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးခြင်းနှင့် စစ်ဆေးအရေးယူခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် မင်းဘူးမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်နေလင်း ဦးဆောင်သော ယာဉ်ထိန်းတပ်ဖွဲ့ ဝင်များသည် မင်းဘူး-စကု လမ်းပေါ်တွင် သွားလာနေသော မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ အနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ သိရှိပြီး စနစ်တကျ သွားလာတတ်စေရေးအတွက် ပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပြီး လိုက်နာခြင်းမရှိသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မင်းဘူးမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရန် ဖမ်းဆီးစစ်ဆေးခြင်း၊ ဗီနိုင်းပိုစတာကပ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများသို့ ဆင်း၍ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ခရိုင်ပြန်ဆက်ဦးစီးဌာနများနှင့် ပူးပေါင်း၍ TALK SHOW များတွင် ဆွေးနွေးမှုများ ပြုလုပ်၍ အသိပညာပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း မင်းဘူးမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်နေလင်းက ပြောသည်။

ဇေယျာထက် (မင်းဘူး)