ငဖဲ မေ ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Youth Club အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့နံနက် ၉နာရီက စာရေးဆရာ အောင်သင်းရေးသားသော အားနေသောလက်များစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်း က စာဖတ်ရှိန်မြှင့်တင်ရန်၊ စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိ၍ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် Youth Club အဖွဲ့ဝင်များက စာရေးဆရာ အောင်သင်း ရေးသားသည့် အားနေသောလက်များ စာအုပ်ပါ သူငယ်ချင်းကဗျာဆရာ၊ အားနေသောလက်များ၊ မှတ်ဉာဏ်အရွယ်မလွန်မီ၊ နားအေးပါးအေး၊ လူငယ်တွေမအအောင်လို့၊ လူနှင့်ရသ စသည့်အကြောင်းအရာများအား တစ်ဦးချင်း ထုတ်နှုတ်ဖတ်ကြား ဆွေးနွေး၍ စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေဗဟုသုတတိုးပွားရေး စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မယု(ငဖဲ)