တောင်သာမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-8 မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်သာ မေလ ၁၇

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် Grade-8 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အခြေခံပညာအထက်တန်းကျောင်း မင်းစုကျောင်းခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ကြောင်း သိရသည်။      

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်စိမ်းစိမ်းမြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် သင်တန်းနည်းပြများမှ သင်ခန်းစာများ ပို့ချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်ရိုးသစ် Grade-8  သင်တန်းသို့  မြို့နယ်အတွင်းရှိ အလယ်တန်းအဆင့် ဆရာ/ ဆရာမ (၆၆၈)ဦး တက်ရောက်သင်ယူကြပြီး သင်တန်းကာလမှာ မေလ (၁၇) ရက်နေ့မှမေလ (၁၉)ရက်နေ့ အထိ   နေ့စဉ် နံနက်(၉) နာရီမှ ညနေ(၄)နာရီ အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

ကျော်မျိုးနိုင်(တောင်သာ)