အသက် (၃) နှစ်မှ (၇) နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
May 17,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် (၃) နှစ်မှ (၇) နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများမှ ယမန်နေ့ နံနက်က စတင်၍ ကျေးလက်ကျန်းမာရေးဌာနခွဲ များတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမတွင် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ချောင်းဆုံ လူမှုဝန်ထမ်းမူကြိုကျောင်းတွင်လည်းကောင်း၊ ဆေးထိုးစုရပ်အဖြစ်ထားရှိကာ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။