ကျောက်ပန်းတောင်းမြို့နယ်ပြန်/ဆက်မှ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးနှင့် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ကျောက်ပန်းတောင်း မေ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးနှင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲတတ်စေရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် ပြည်သူများ သိရှိလိုက်နာသင့်သည့် လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် ခေတ်နှင့်လျော် ညီစွာ လျှပ်စစ်ဓာတ်အားကို ခြိုးခြံချွေတာ သုံးစွဲတတ်စေရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက မေးမြန်းခဲ့ပြီး၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်ကပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးနှင့် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲတတ်စေရေးတို့အတွက် သိရှိလိုက်နာဆောင်ရွက်သင့်သည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)