မြဝတီခရိုင်၌ “ရေဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ” အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မြဝတီ မေ ၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်၁၀နာရီက လူထုအခြေပြုဗဟိုဌာန (Community   Centre)ခန်းမတွင်“ရေဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ”   အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ရာ မြဝတီခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ  တက်ရောက်ကြသည်။

ဟောပြောပွဲတွင်  မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ယခုအခါမိုးကြိုကာလ ရောက်ရှိလာပြီဖြစ်သည့်အတွက် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲဆောင်ရွက်ရခြင်းကို ဦးစွာရှင်းလင်းပေးပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး  ဦးဉာဏ်လင်းက သဘာဝဘေးအန္တရာယ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့်  မိုးတွင်းကာလများ၌   အများဆုံးဖြစ်ပေါ်တတ်သည့်    ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဖြစ်ပွားချိန်ဆောင်ရွက်ရမည့်အချက်များ၊ သက်ဆိုင်ရာဌာနများမှထုတ်ပြန် ကြေညာသော  မိုးလေဝသသတင်းများ၊ အကြံပြုချက်များကို  စဉ်ဆက်မပြတ် သတိရှိနေစေရန်၊  ရေကြီးခြင်းဖြစ်ပေါ်နေချိန်  ဆောင်ရန်၊ ရှောင်ရန် လိုက်နာရမည့် အချက်များနှင့် ရေကြီးမှုများဖြစ်ပွားပြီးက ပြုလုပ်ရမည့်အချက်တို့ကို အသေးစိတ်ဟောပြောပေးသည်။

ထို့နောက်တက်ရောက်ကြသည့် ဌာနဆိုင်ရာများက မိမိတို့သိရှိလိုသောအချက်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်လင်းက ပြန်လည်ရှင်းလင်းပေးပြီး ရေဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)