ချောင်းသာ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ခြောက်ကောင်ကျေးရွာရှိ ပဒုမပါရမီတောရတွင် လူငယ်၊ လူရွယ်၊ ကျောင်းသား/ ကျောင်းသူများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်မားစေရေးနှင့် ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို စတင်ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ပဒုမပါရမီတောရဆရာတော်၏ လမ်းညွှန်မှုကိုခံယူ၍ ချောင်းသာမြို့ မျိုးဆက်သစ်အား မာန်ပရဟိတအဖွဲ့မှ သင်ကြားရေးဆရာ၊ ဆရာမများက အခမဲ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ပဒုမပါရမီတောရအနီးရှိ ခြောက်ကောင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ် (၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး သင်ကြားရေးဆရာ၊ ဆရာမများက ယဉ်ကျေးလိမ္မာ သိမှတ်ဖွယ်ရာနှင့် အခြေခံဗုဒ္ဓဘာသာ စာပေများအကြောင်းကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ရက်သတ္တပတ် (၁)ပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)