ကော့မှူးတွင် ဆန်၊ ဆီ၊ ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး

ကော့မှူး မေ ၁၉

ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းသွားသည့် ကာလအတွင်းလည်း ပြည်သူများအမှန်တကယ်လိုအပ်သော အခြေခံစား သောက်ကုန်များ အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် လာ‌ရောက်ရောင်းချပေးနေကြောင်း သိရသည်။

ထို့သို့ ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ ဌာနဆိုင်ရာဝန်ထမ်းမျာက ဈေးဝယ်လာပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေ‌ရေးတို့အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ‌ ဈေးရောင်းချရာတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက် ဧည့်မထတစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ဖြင့် ဆန်အိတ် (၁၀၀) အိတ်အားလည်းကောင်း ၊ ပေါ်ဆန်း တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ ဖြင့်ဆန်အိတ် (၁၀၀) အိတ်အားလည်းကောင်း ဆီ ငါးဆယ်သားတစ်ဘူးကို ငွေကျပ် ၂၇၀၀ ကျပ်နှုန်းဖြင့် ဆီ (၂၀၀) ဘူးအားလည်း‌ကောင်း၊ ကြက်ဥဆယ်လုံးတစ်ကဒ်လျှင် (၁၆၀၀) ကျပ်နှုန်းဖြင့် (၅၀) ကဒ် စုစု‌ပေါင်း (၁၉၇၀၀၀၀) ကျပ်ဖိုးတို့အား လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ ကော့မှူး