သိန္နီ မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စာပေအသိပညာဗဟုသုတတိုးပွားရေး၊ စာဖတ်သည့်အလေ့အထကောင်းများရရှိရေးအတွက် စာအုပ်စာစောင်များကို နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် လှည့်လည်ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ငှားရမ်းရာတွင် ဒေသခံပြည်သူများ ဗဟုသုတတိုးပွားစေရန်အတွက် သုတစာအုပ်များ၊ မဂ္ဂဇင်း စာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ ဂျာနယ်များနှင့် ကလေးများအတွက် ရုပ်ပြစာအုပ်များ၊ ပုံပြင်စာအုပ်များကို သိန္နီမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ စာရင်းစစ်ရုံးနှင့် စည်ပင်သာယာ ရေးရုံးများသို့ သွားရောက်၍ ငှားရမ်းပေးခြင်းဖြစ်သည်။ သိန္နီမြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာပေများဖတ်ရှုချင်သော်လည်း ရုံးစာကြည့်တိုက်သို့ စာအုပ်များ လာရောက်ငှားရမ်းရန် အခက်အခဲရှိသူများအတွက် အဆင်ပြေစေရေး၊ ပြည်သူများ စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရေး၊ စာအုပ်စာပေနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရေးတို့အတွက် ရည်ရွယ်၍ နယ်လှည့် စာကြည့်တိုက် စာငှားစနစ်ဖြင့် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာချိုထံမှ သိရသည်။
စောဥမ္မာ(သိန္နီ)